ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လှူဒါန်းသော ၄၀ လီတာ အောက်ဆီဂျင်အိုးများနှင့် Oxygen Flowmeter များ ပေးအပ်လှူဒါန်း

ပန်းတောင်း​ စက်တင်ဘာ ၁၄

ပဲခူတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများသို့ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ၄၀ လီတာ အောက်ဆီဂျင်အိုး(၆၅)လုံနှင့်Oxygen Flowmeter (၃၀)ခု တို့အား ယနေ့ နံနက် (၉)နာရီအချိန်က ပန်းတောင်းမြို့နယ် ပြည်သူ့ ဆေးရုံတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ် လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး (၃၀)လုံးနှင့် Oxygen Flowmeter (၂၀)ခု၊ ဥသျှစ်ပင်တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး(၁၅)လုံးနှင့် Oxygen Flowmeter (၅)ခု၊ ထုံးဘိုတိုက်နယ် ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး(၂၀)လုံးနှင့် Oxygen Flowmeter (၅)ခု တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ အဖွဲ့ဝင် ဦးအေးကြိုင်နှင့် ဦးကျော်ဝင်းအဖွဲ့ဝင်များမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သန်းထိုက်စိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

သင်းသင်းအေး