ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးဆိုင်ရာများအား အသိပညာပေး နှိုးဆော်

ဖြူး စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး၊ မြို့နယ်အတွင်း ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်း အသိပညာပေးခြင်းကို ယနေ့နံနက်(၈) နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ကျေးရွာများတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ ထုတ်ပြန်ချက်များ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်ကို လည်းကောင်း၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ထိုးနှံနိုင်ကြောင်းကိုလည်းကောင်း၊ တိုက်တွန်း  နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် စက်တင်ဘာ(၁၃)ရက်နေ့ညပိုင်းအထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၁)ဦး ထပ်မံတိုးပြီး ယနေ့ထိ စုစုပေါင်း အတည်ပြုလူနာ(၁၂၆၉)ဦး၊ သေဆုံးသူမှာ(၇၅)ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်