ပန်းခင်းစီမံချက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ကြို့ပင်ကောက် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်ကားလမ်း နာရီစင်လမ်းစုံတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူအားလုံး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဥပဒေအရ ကိုင်ဆောင်သင့် သော နိုင်ငံသားစိစစ်ရေးကတ် ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းကို အသိပညာပေး ဖော်ပြထားကြောင်း ပန်းခင်းစီမံချက်၏ အိမ်ထောင်စု လူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျောက်ထားရာတွင် လိုအပ်သော အချက်အလက်များ၊ လိုက်နာရမည့်စည်းကမ်း ချက်များပါဝင်သည့် လက်ကမ်းစာစောင် ၁၅၀၀ အား ဒေသခံပြည်သူများထံဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် လူမှုဘဝပြည့်စုံရန်အတွက် ဥပဒေအရကိုင်ဆောင်သင့်သော နိုင်ငံသားကတ် ကိုင်ဆောင်နိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ရရှိရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် လာရောက်လျှောက်ထားနိုင်သလို နယ်လှည့်ကွင်းဆင်းပြုလုပ်ပေး သည့် အခါများတွင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဇေယျာထွန်း