ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေး

ကျောက်တံတား စက်တင်ဘာ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို ယနေ့နံနက်(၁ဝ:၀၀)နာရီမှ နေ့လည်(၁၂:၃၀)အချိန်ထိ အမှတ်-၃ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ် (ယခင်မြို့နယ်ထွေအုပ်ရုံး) ရှေ့တွင် ဦးတည်အုပ်စုများဖြစ်သည့် ရပ်ကွက်အတွင်း‌နေထိုင်သည့် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် စည်ပင်၊ ပညာ‌ရေး၊ စီးပွား‌ရေးဘဏ်(၁+၂)မှ ဝန်ထမ်းများအား ထိုးနှံပေးခဲ့ရာ ယနေ့တွင် စုစုပေါင်း(၁၂၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမြင့်စိန်မှ ကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။