ပင်းတယမြို့နယ်၌ ဒုတိယအကြိမ်ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန်၊ ကျန်ရှိသူများအားဆက်လက်ထိုးနှံပေး

ပင်းတယ  စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့တွင်ဒုတိအကြိမ်ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရှိရန် ကျန်ရှိသူများအား ယနေ့နံနက်၁၀နာရီက ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ယနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူ စုစုပေါင်း ၄၉ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ပင်းတယမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ
ပြီးသူ စုစုပေါင်း ၆၄၀၀ ကျော်ရှိပြီဖြစ်ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ ဝန်ထမ်း များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့ စသည်တို့က လိုအပ်သည်များကိုပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပင်းတယ (ပြန်/ဆက်)