ကသာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ မြို့တော်ခန်းမ၌ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူများအား စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်(၈) နာရီအချိန်မှစ၍ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား ဩဂုတ်လ(၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို စုစုပေါင်း လူဦးရေ(၂၀၀၀)ဦးတို့ အထိ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ယနေ့တွင် အဆိုပါပြည်သူများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတေ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်ထက်ဘိုးဘွားများနှင့် အသက်(၁၈)နှစ်အထက်ရှိသည့်ပြည်သူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ လာရောက်ထိုးနှံကြသည်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှု များနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင်လည်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)