ကလေးဝမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

 

ကလေးဝ စက်တက်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေး အဆင့်လိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၁၄ ရက် နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်  ချင်းတွင်းမြစ်သာခန်းမ၊  မြို့မကျေးရွာနှင့် အင်ဒုတ်ကျေးရွာတို့ရှိ စာသင်ကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအားထိုးနှံပေး ခဲ့ကြောင်း သိရသည်။

 

ကလေးဝမြို့နယ် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လူဦးရေ၂၀၀၀ ဦးအား ထိုးနှံပေးသွားမှာဖြစ်ရာ မိဘပြည်သူများ သွားလာရ လွယ်ကူစေရန် အတွက် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာ အုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာ သတ်မှတ် ၍ ၃ ရက်နှင့်အပြီး ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုမှ စုစုပေါင်း လူဦးရေ ၁၃၃၀ ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနေရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိအ ကြီးအကဲများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်