မိုင်းတုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့ဝင်ဂိတ်(၃)ဂိတ်၌ နေ့စဉ် နံနက်(၈)နာရီခွဲမှည(၉)နာရီအထိ အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
မြို့ဝင်ဂိတ်(၃)ဂိတ်ဖြစ်သည့် တောင်ကြီးအဝင်ဂိတ်၊ နောင်ပါရင်ဂိတ်၊ ဟောင်လီဂိတ်တို့မှ ယမန်နေ့က ဖြတ်သန်းသွားလာသော၊ မော်တော်ယာဉ်(၄၆)စီးမှခရီ( ၇၀ )ဦးတို့အား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်း ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ထောက်ခံချက်များပါရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်ချိန်တွင် RDT Test Kit ဖြင့်စစ်ဆေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထုတ်ပြန်ချက်များနှင့်အညီခရီးသွားလာရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဥက္ကဋ္ဌ ဦးလွင်မိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်ပြန်/ဆက်တို့ပါဝင်သော အဖွဲ့က နေ့စဉ် နံနက်(၈)နာရီခွဲမှ ည (၉)နာရီအထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းတုံ၊ပြန်/ဆက်