မြို့သစ်မြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး

 

မြို့သစ် စက်တင်ဘာ  ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က မြို့သစ်မြို့၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

မြို့သစ်မြို့တွင် သြဂုတ်လ တတိယအပါတ်က ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများဖြစ်ကြသော သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွားများနှင့် ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးကို (ဒုတိယအကြိမ်)ထိုးနှံပေးခြင်းဖြစ်သည်။

 

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုကို မြို့သစ်မြို့အုပ်ချုပ်ရေးမှူး ဦးရဲဇော်မင်းနှင့်ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို စီမံဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းမင်းအောင်(ကဘော်မြေ)