ဆီဆိုင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများအတွက် အမျိုးသား လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပေးအပ်သည်။
နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် အမျိုးသားလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ကျော်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များထံသို့ပေး အပ်သည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၃)အုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား(၁၂၉)ဦးရှိပြီး အဆိုပါ အမျိုးသားလူမှုရေး ပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ရေးမှူးများက ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)