သတင်းများ

ဆီဆိုင်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေး အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးသည်။
တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေး သန့်ရှင်းသပ်ရပ်စေရေးအတွက် အထူးအလေးထားဆောင်ရွက်
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန် လွတ်စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေး(၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အဆိုပါ ဟင်းသီး ဟင်းရွက် နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များ ဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များ ကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအသိပညာပေး နှိုးဆော်
Sep 15,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက်များ တွင် လှည့်လည် ၍အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ Quarantine Center များအလိုက် ကူညီဆောင်ရွက်ပေးနေသော Volunteer များအား ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 15,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် Quarantine Center များအလိုက် ကူညီဆောင် ရွက်ပေးနေသော Volunteer များအား စက်သုံးဆီကုန်ကျစရိတ်နှင့် Lunch Box စားသောက် စရိတ်ငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိ
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်နေပြည်သူများအား "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည် ရောဂါခံစား နေရသူများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄) နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည်ရောဂါခံစားနေရသူများနှင့် မသန်စွမ်းသူများအား စက်တင်ဘာ (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စင်တာ၊ တိုက်နယ်ဆေးရုံများနှင့်ကျေးရွာကျန်းမာရေးဌာနများတွင် ကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 15,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်း က ကြက်သွန်ခင်း(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းပြုလုပ်ပေးသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။