မအီမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည် ပြုလူနာ(၁)ဦး သေဆုံးခဲ့ရာ ယနေ့ထိ သေဆုံးလူနာ(၄)ဦးထိရှိပြီဖြစ်

မအီ   စက်တင်ဘာ  ၁၅

 

 ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၊ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ဆေးကုသမှု ခံယူလျက်ရှိသော ကိုဗစ်-၁၉ လူနာ(၁)ဦး ဆီးချို၊ သွေးတိုး၊နှလုံး စသည့် ရောဂါအခံကြောင့် ယနေ့ နံနက် ၅ နာရီက သေဆုံးခဲ့ကြောင်း မအီတိုက်နယ် ဆရာဝန် ဒေါက်တာမင်းနိုင်ကျော် ထံမှ သိရသည်။

 

အဆိုပါ သေဆုံးလူနာမှာ (၁၂-၉-၂၀၂၁)ရက်နေ့က မအီမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာဖြင့် လာရောက်ပြသခဲ့ကာ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ COVID-19 Rapid Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သော မအီမြို့၊ ချက်ဖောက်ကျေးရွာမှ အသက်(၆၅)နှစ်ရှိ အမျိုးသား(၁) ဦးဖြစ်ပြီး ၎င်း‌သေဆုံးလူနာကို သဟာယကလူမှုကူညီရေးအသင်း(မအီ)မှ မီးသဂြိုလ်ပြီဖြစ်ကြောင်း သိရသည်။

 

မအီမြို့အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာမှာ (၃၃)ဦးရှိလာပြီဖြစ်သည့်အနက် ယမန်နေ့ထိ သေဆုံးသူ လူနာ(၃)ဦးရှိခဲ့ရာ ယခုအခါ သေဆုံးသူလူနာ(၄)ဦးထိရှိခဲ့ပြီဖြစ်ကြောင်း မအီမြို့၊ ပြည်သူ့ဆေးရုံမှ  သိရသည်။

  

မင်းသိန်းထွန်း