ဥတ္တရသီရိ စက်တင်ဘာ-၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ နာတာရှည်နှင့်မကူး စက်နိုင်သောရောဂါရှိသူများ ၊ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြားအသက်ကြီးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ယခင် ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း မရှိသူများကို စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီမှစတင်၍ ဥတ္တသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)မထိုးမီစာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အပူချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေး ကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းပြည်သိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ လူဦးရေ (၃၃၇၄)ဦးခန့်ကို ထိုးနှံပေးသွား မည်ဖြစ်ပြီး ၊ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)