သံဖြူဇရပ် စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက် (၅၅)နှစ်အထက်ရှိသူများအား ယနေ့ နံနက် ၉ နာရီမှ စတင်ကာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ် (၇) နေရာ၌ ဆေးအလုံးရေ (၅၀၀၀)လူဦးရေ (၂၅၀၀၀) ခန့်အား ပထမနေ့အဖြစ်ထိုးနှံ ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးသည့် ဆေးထိုးစုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ ကာကွယ်ဆေးလာရောက်ထိုးနှံသူများတွင် အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများ ရဟန်း သံဃာတော်များ၊ သီလရှင်များ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ ပါဝင်ကြောင်းသိရသည်။ အဆိုပါကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီအသက် အရွယ်အ လိုက်အုပ်စုများခွဲကာ စနစ်တကျထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရာစုရပ်နေရာတိုင်း၌ မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သီတာဝင်း