ရပ်စောက် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရပ်စောက်မြို့ပေါ် ရပ်ကွက်များအတွင်း၌ ယနေ့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာ နေထိုင်ကြပါရန်၊ အိမ်တွင်ပြင်ပဧည့်သည်များလက်ခံခြင်း လုံးဝမပြုလုပ်ကြပါရန်၊ မိမိကိုယ်တိုင် လည်း ဧည့်သည်အဖြစ် သွားရောက်လည်ပတ်ခြင်းမပြုလုပ်ကြပါရန်၊ မဖြစ်မနေအိမ်ပြင် ထွက်ခွာရပါက ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြပါရန်၊ လူစုလူဝေးများကို ရှောင်ရှားကြပါရန်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ကျန်းမာရေးလမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် စသည့်အချက်များကို လိုက်လံအသိပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ရဲထက်ဦး(ပြန်/ဆက်)