တနင်္သာရီမြို့ပေါ်ကျောင်းများရှိ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ (ရှိ/မရှိ) ဓာတ်ခွဲစစ်ဆေးပေး
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ အစီအမံဖြင့် မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းသို့ ကွင်းဆင်း၍ ဆရာတော်/သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များကို ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆရာမများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က RDT Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေးပေးကြောင်း သိရှိရသည်။