ကလိန်အောင်မြို့၌အသက်(၅၅)နှစ်မှအသက်(၆၄)နှစ်နှင့်ဦးစားပေးအဆင့်လိုက်ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

 

ကလိန်အောင် စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့ အတွင်းရှိအသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို စက်တင်ဘာ  ၁၆ ရက်နေ့ နံနက်(၈:၀၀)နာရီမှ နေ့လယ်(၁၂:၀၀)နာရီ အတွင်း  အ-ထ-က၊ ကလိန်အောင် ကျောင်းခန်းမတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရ သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိပြည်သူများ ၊အသက်(၁၈)နှစ်နှင့်အထက် မသန် စွမ်းသူများ၊အသက်(၁၈)နှစ်နှင့်အထက်ရဟန်းသံဃာ/သီလရှင်များ၊နာတာရှည်ရောဂါရှိပြီးကူးစက်ရောဂါမရှိသူများ၊(ဒုတိယအကြိမ်)ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများကို ဦးစားပေးအဆင့်လိုက် သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(ကလိန်အောင်၊ပြန်/ဆက်)