စုကလိမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

 

စုကလိ       စက်တင်ဘာ    ၁၅

 မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်သည်။

 ထိုသို့ဆောင်ရွက်ရာတွင် စုကလိမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်မင်း၊ လမ်းဦးစီးဌာန မြို့အင်ဂျင်နီယာ ဦးဝင်းဇော်ဦး၊ မြို့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးထူးလွင်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့အဝင်ဆိုင်းဘုတ် ပြုလုပ်မည့်နေရာအတည်တကျသတ်မှတ်နိုင်ရန် ကွင်းဆင်းကြည့်ရှုခြင်း၊ စုကလိမြို့အုပ်ချုပ်ရေးမှူးရုံး တွင် ဆုံဆည်းမြိုင် ကုမ္ပဏီ ကတာဝန်ယူတည်ဆောက်လျက်ရှိသော ကျောက်စီမြေထိန်းနံရံလုပ်ငန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုး များဖွံ့တိုးတက်ရေးဦးစီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးဘဏ္ဍာရန်ပုံငွေဖြင့် ရွှေကရင်ပါရမီ ကုမ္ပဏီ ကတာဝန်ယူ တည်ဆောက်လျက်ရှိသော ကုန်ထုတ်တံတားတည်ဆောက်ရေးလုပ်ငန်း နှင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော  ရေပြွန်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ပြီးစီးမှုအခြေအနေနှင့် အရည်အသွေးသတ်မှတ်ချက် အတိုင်း ဆောင်ရွက်မှုရှိ/မရှိ စသည်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

စုကလိမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေ စေရန် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းပေါင်း ၅ ခု ရှိကြောင်းသိရသည်။

ဇော်နိုင်လင်း