လင်းခေး စက်တင်ဘာ၁၆
လင်းခေးမြို့မစည်ပင်သာယာဈေးအတွင်းဈေးရောင်းချကြမည့်ဈေးသည်ပိုင်ရှင်များ၊ ဈေးသည်အကူ၊ အစောင့်များနှင့် လတ်တလောQuarantinဝင်နေလျက်ရှိကြသော ပြည်သူ(၁၈၈)ဦးတို့ကို မြို့နယ် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ယမန်နေ့နံနက်၈နာရီခွဲမှ မွန်းတည့်၁၂နာရီခွဲအထိ RDTစစ်ဆေး ပေးခဲ့ကြသည်။
၎င်းတို့အနက်(Quarantine)Centerမှ အမျိုးသမီး(၁)ဦး၌သာ(+)Pတွေ့ရှိခဲ့ပါသည်။ ဈေးသည်များ အားလုံး(-)Negative ဖြစ်ကြောင်း မြို့နယ်ကုသရေးဌာန၏အတည်ပြုချက်အရ သိရသည်။
ကျန်ရှိနေသေးသည့်ဈေးသည်များကိုလည်းနောက်တစ်ရက်တွင်ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်သည်။ဆက်လက်၍၎င်းဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဦးစားပေး) ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ကုသရေးနှင့်ပြည်သူကျန်းမာရေးဦးစီးဌာနမှသိရသည်။