မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်

မုံးကိုး   စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ပြည်သူများက  လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအားယနေ့နံနက်(၁၀)နာရီအချိန်ကရပ်ကွက်များအတွင်းအသိပညာပေးနှိုးဆော်ခြင်းကိုဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင်မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်း ၂၀၂၁ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှ စတင်ပြီးကိုဗစ်ရောဂါပိုးတွေ့လူနာများ ဆေးရုံတက်ရောက်ကုသခြင်း၊ သေဆုံးခြင်းများရှိလာသဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုမဖြစ်ပေါစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွါလျှင်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊  တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း၊ အိမ်သို့ ပြန်ရောက်တိုင်း လက်ကိုစနစ်တကျ ဆေးခြင်းတို့ကိုဆောင်ရွက်ကြရန်၊  ထို့ပြင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်းစသည့်လက္ခဏာများဖြစ်ပွားလာပါက ကျန်းမာရေးဌာန သို့အမြန်ဆုံး လာရောက်ဆက်သွယ်ပြသကြရန် လိုအပ်ကြောင်းအသံချဲ့စက်ဖြင့်မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာဈေး၊ လမ်းဆုံလမ်းခွများတွင်ဆော်ဪခြင်းကို ဆောင်ရွက်သည်။အဆိုပါ အသံချဲ့စက်နှင့် ဆော်ဪရေးကိုမုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့အတွင်းလှည့်လည်ဆော်ကြောင်းသိရှိရသည်။

သန်းဇော်ဦး(မုံးကိုး)