မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် အတွေးရသစာဖတ်ဝိုင်း ပြုလုပ်

 

မြစ်ကြီးနား စက်တင်ဘာ ၁၆

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင်စာအုပ် စာပေချစ်သူ များကိုစာအုပ်စာပေမှပေးသည့် အတွေးရသများ On Line မှတဆင့် ခံစားနားထောင် နိုင်စေရန် ယနေ့ မွန်းလွဲ ၂ နာရီချိန်က စာရေးဆရာ အကြီးကိုကို (ကသာ)နှင့် စာရေးဆရာ ရွှေမြာလှဝင်းဆွေတို့က ပါ၀င်ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ရွှေမြာလှ၀င်းဆွေက "အခုလို ကာလတွေမှာ စာချစ်သူ ပရိသတ်တွေကို ကျွန်တော်တို့အနေနဲ့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရဲ့ (Community Centre )မှာ အတွေးရသ စာဖတ်ဝိုင်းလေးပြုလုပ်ပြီး ပရိသတ်ကို အကျိုးပြုရတာ အင်မတန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်လို့ ပါ၀င်ဖြစ်တာပါနောင်လည်း အလျဉ်းသင့်သလို ဒေသတွင်းစာရေးဆရာတွေနဲ့ ပူးပေါင်းပြီး ပါ၀င်ဆောင်ရွက်သွားမှာ ပါ “ဟု ပြောကြားသည်။

အဆိုပါ On Line မှတဆင့် တင်ဆက်ပေးသည့် အတွေးရသစာဖတိဝိုင်းတွင် စာရေးဆရာ အကြီးကိုကို ၊(ကသာ)မှ"ငါ လုပ်နိုင်တယ်"  စာအုပ်မှ အတွေးရသများကိုလည်းကောင်း၊ စာရေးဆရာ ရွှေမြာလှ၀င်းဆွေမှ " ဂုဏ်တော်ကို ဦးထိပ်ပန်၍ ဘ၀ကိုဖြတ်သန်းခြင်း "စာအုပ်မှအတွေးရ သများကို လည်းကောင်း ပါ၀င်ဆွေး‌နွေးခဲ့ကြကြောင်းသိရသည်။

ခရိုင်( ပြန်/ဆက်)