မိတ္ထီလာတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၃၄ ဦး စစ်ဆေးတွေ့ရှိ

မိတ္ထီလာ စက်တင်ဘာ ၁

မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါပိုးရှိသည်ဟု သံသယရှိသူများအား ယမန်နေ့က စစ်ဆေးခဲ့ရာ   ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ ကြောင်း  သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန် မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဝန်ထမ်းများ၊ လူမှုရေးအသင်းဖွဲ့များနှင့် ကျေးရွာဒေသခံ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃၄ ဦးအား စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၄ ဦးမှာ  ပေါက်ချောင်းရပ်ကွက် ၁ ဦး ၊ မုန်တိုင်ကျေးရွာ ၁၉ ဦး၊ ထန်းတောကျေးရွာ ၆ ဦး၊ ဂွေးတောက်ကန်ကျေးရွာ ၂ ဦး၊ ကျောက်ပုံကျေးရွာ ၂ ဦး၊ တောင်ကုန်းကျေးရွာ ၂ ဦး၊ အုတ်ကျင်းကျေးရွာ ၁ ဦး နှင့် ဥယျာဉ်ကျေးရွာ ၁ ဦးတို့ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၃၄ ဦးအား သက်ဆိုင်ရာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ယာယီဆေးကုသရေးဌာနများတွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း သိရသည်။

ချမ်းသာ