ဘားအံ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်၊ ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ် များ အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသည့်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
ဒေါ်သီတာမွန် အမှတ် (၉) ရပ်ကွက် ထုံအိုင်ကျေးရွာ
ကျွန်မကတော့ ကရင်ပြည်နယ် ဘားအံမြို့ ထုံအိုင်ကျေးရွာ အမှတ်(၉)ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်သီတာမွန် ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ဘယ်လို ကူးစက်ခံရတာလဲတော့ သေချာ မသိပေမဲ့ မထင်မှတ်ဘဲ ကျန်းမာရေးမကောင်းဖြစ်လာလို့ ဆရာဝန်နဲ့ပြပြီးစစ်ဆေး ကြည့်တဲ့အခါ ကိုဗစ် positive ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ အဲဒါနဲ့ဘဲ ကျွန်မ ဘားအံမြို့ နည်းပညာ တက္ကသိုလ် ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။ ကုသရေးစင်တာကို ရောက်သွားတဲ့အခါမှာ ကျွန်မ စိတ်ဓါတ်တွေ့ အားတက်ခဲ့ရပါတယ်၊၊ ကျွန်မလိုမျိုး ကိုဗစ်ရောဂါ ခံစားနေရတဲ့ သူတွေကို တွေ့ရပြီး ဆရာဝန်၊ ဆရာမများရဲ့ ဆေးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများကို အပြည့်အဝရရှိခဲ့တဲ့အတွက် အိမ်မှာနေတာထက် ပိုပြီးတော့ ကျန်းမာရေး အတွက် စိတ်ချရတယ်လို့ခံစားမိတယ်။ အောက်ဆီဂျင်လိုအပ်လာလျှင်လဲ အလုံအလောက် ရရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်များကိုလည်း တစ်နေ့ (၃) ကြိမ် စီစဉ်ပေးပါတယ်။ဒါကြောင့်မို့ ကိုဗစ် ရောဂါဖြစ်လာမယ်ဆိုရင် စိတ်ဓါတ်ကျစရာ ကြောက်စရာ မလိုဘဲ ကျန်းမာရေးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ နေထိုင်စာသောက်ပြီး ဆေးကုသမှုခံယူသွား မယ်ဆိုရင် ကျန်းမာရေးကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ရတဲ့အခွင့်အရေး ဖြစ်တဲ့ ကိုဗစ် ကာကွယ်ဆေး ကိုလည်း ထိုးဖြစ်အောင် ထိုးနှံကြဖို့ တိုက်တွန်းပြောကြားလိုပါ တယ်။ကျေးဇူးတင်ပါတယ်။
ဦးကျော်လွင်( တောင်ယာလုပ်ကိုင်သူ) ထုံးအိုင်ကျေးရွာ
မင်္ဂလာပါ ကျွန်တော်ကတော့ ဘားအံမြို့ ထုံအိုင်ကျေးရွာက လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ တောင်သူ ဦးကျော်လွင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုဗစ်ကာကွယ်ဆေးကို (၂) ကြိမ် အပြည့်အဝ ထိုးနှံထားပြီး ဖြစ်ပါတယ်။ ကိုဗစ်ရောဂါ ဘယ်လို ကူးစက်ခဲ့သလဲဆိုရင် ကျွန်တော် လယ်ထဲမှာ အလုပ်လုပ်နေတုံး မိုးမိပြီး နေမကောင်းဖြစ်တော့ ဆရာဝန်နဲ့ စစ်ဆေးတဲ့အခါ ကိုဗစ် positive ဖြစ်ခဲ့ပါတယ်၊ အဲဒါနဲ့ ဘားအံနည်းပညာ ကုသရေးစင်တာမှာ (၁၀)ရက်ဆေးကုသမှု ခံယူခဲ့ပါတယ်၊ ကိုဗစ်ရောဂါ ဖြစ်ပေမဲ့ ဘာမှ ပြင်းပြင်းထန်ထန်မခံစားရပါဘူး၊ ကာကွယ်ဆေး ထိုးထားတဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုကတော့ အပြည့်ရှိပါတယ်၊ စင်တာရောက်တဲ့အခါ ဆရာ/ဆရာမများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုများနဲ့ ကျန်းမာ ရေးဌာနရဲ့ ညွှန်ကြားမှုအတိုင်း အိပ်ရေးဝဝအိပ်နိုင်အောင် ကြိုးစားခဲ့တယ်၊စိတ်ကိုပျော်ရွှင်အောင်နေ ထိုင်ပြီး၊အသက်ရှူ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်ခဲ့ပါတယ်၊ သက်မှတ်ရက် ပြည့်တဲ့ အခါ ကျန်းကျန်းမာမာနဲ့အိမ်ပြန်လာနိုင်ခဲ့တာလဲ ကာကွယ်ဆေးကို အပြည့်အဝထိုးထားတာ ကြောင့်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ ဒီရောဂါ ဖြစ်လာမယ်ဆိုရင် စိတ်ဓါတ်မကျဘဲ ဆေးကုသမှုခံယူပြီး ဒီကိုဗစ်ရောဂါကို အနိုင်ယူတိုက်ထုတ် ကြပါလို့ ပြောချင်ပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ အခွင့်အရေးရရှိတဲ့ ကိုဗစ်ကာကွယ်ဆေး ကိုလည်း မဖြစ်မနေထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ခရိုင် (ပြန်/ဆက်)