သတင်းများ

သခွားစိုက်ပျိုးရာတွင် နည်းစနစ်မှန်စွာ စိုက်ပျိုးဖို့လို
Sep 16,2021
သခွားပင်သည် ဘူး၊ ဖရုံမျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး အသီးကင်း၊ အသီးနုနှင့် အသီးရင့်မှည့်သည်အထိ စားသုံးကြသည်။ အသီးနုကိုတို့စားကြပြီး အသီးရင့်ကို အမှည့်ထားပြီး ချက်စား၊ သုတ်စားကြသည်။
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလိုက်လံ အသိပေး နှိုးဆော်
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေး အတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေး ကော်မတီနှင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည်အသိပေး နိုးဆော် ကြေညာခဲ့ ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 16,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်း​ချောင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 16,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၀၉:၃၀ ချိန်တွင် စတင်၍
ဒုတိယအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး‌ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းထိုးနှံပေး
Sep 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးကို‌ ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျောက္ကာ(တ)ကျေးရွာ ရွှေဂူနီဘုရားဓမ္မာရုံနှင့်‌ ကျောက္ကာ(မ)ကျးရွာအုပ်စု အလယ်တန်း‌ ကျောင်းတို့တွင် စုရပ်ထားကာ ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄၄ )ဦး ထပ်မံတွေ့ရှိ
Sep 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှု ကြပ်ပြီး၊ချောင်းဆိုးခြင်းတို့ကြောင့်နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေး ရွာ၊ အထကတွင် အနံ့ပျောက်၍ဖျားနေသူ (၁၈၆)ဦးကိုစစ်ဆေးရာ (၄၀ )ဦးတို့တွင်ပိုးတွေ့ပြီး ဆက် လက်၍ မြို့မစည်ပင်သာယာ ဈေးတွင်လည်း (၂၈၀)ဦးကိုစစ်ဆေးခဲ့ရာ(၄)ဦးကို (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန် တွင်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရ သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ၊ အလှူ ရှင်များပူးပေါင်း၍ လပွတ္တာခရိုင်အတွင်း ဝါဆို/ ဝါကပ်တော်မူကြသော ဆရာတော်၊သံဃာတော်၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖ၊ အလှူရှင်များ ပူးပေါင်း၍ လပွတ္တာခရိုင်အတွင်းဝါဆို/ ဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀ဝ နာရီအချိန်ခန့်က သကျမာရဇိန်ဆုတောင်း ပြည့်ဘုရားကြီးတန်းဆောင်း တော်ကြီး၌ ကျင်ပခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉နာရီမှ စတင်ပြီး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးစီမံမှုဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။