ထီးလင်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ ငွေများပေးအပ်

ထီးလင်း စက်တင်ဘာ ၁၆

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယ(၃)လပတ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လအတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအား ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ထောက်ပံ့ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးရွယ်အို အဘိုးအဘွားများအား တစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် (၃)လစာအတွက်      ထောက်ပံ့ငွေ-၃၀၀၀၀/ကျပ်စီကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ ထီးလင်းမြို့ အမှတ်(၁)ရပ်ကွက်တွင် သက်ကြီး ရွယ်အို(၁၇)ဦး၊ အမှတ်(၂)ရပ်ကွက်တွင်(၂၀)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထီးလင်း မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွား စုစုပေါင်း (၄၈၅)ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အောင်စည်(ပြန်/ဆက်)