ပလောက် စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား တတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၇ ရက်နေ့ မှ ၁၈ ရက် နေ့အထိ နံနက်၉နာရီမှစ၍ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံး၊ ရွှေသီလာရတနာခန်းမတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅၅)နှစ်မှအသက်(၆၄)နှစ်အထိပြည်သူများ၊ မသန် စွမ်းသူများ၊ EAO များ၊ ရွှေ့ပြောင်းအုပ်စုများနှင့်ယာယီစခန်းများ၊ နာတာရှည်နှင့်မကူးစက်နိုင် သောရောဂါရှိသူများအားဦးစားပေး အဆင့်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ယခင် ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသည့် ပြည်သူများ ဒုတိယအကြိမ် လာရောက်ဆေးထိုးနှံရန်ကျန်ရှိသည်ဟု သိရသောကြောင့် တတိယ အသုတ်(ပထမအကြိမ်)ဆေးထိုးနှံပေးရာတွင် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကိုသတ်မှတ်ရက် အမှီလာရောက်ထိုးနှံကြပါရန်လိုအပ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)