ပင်လောင်း စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇွန်လ(၃၀)ရက်နေ့မှယမန်နေ့ထိပိုးတွေ့လူနာ ပေါင်း(၁၂၃၃)ဦးရှိပြီး ယမန်နေ့ထိကိုဗစ်-၁၉ ရောဂါလက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်သို့ပြန်ခွင့်ရသူ စုစုပေါင်း (၁၀၆၉)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများမှာ ပင်လောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက RDT (Rapid Test Kit)ဖြင့်(၁၀၇)ဦးအား စစ်ဆေးခဲ့ရာ လူနာအသစ်(၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး အာခေါင်တို့ဖတ်နမူနာ(PCR)နည်းဖြင့်(၄၂)ဦး ရယူပေးပို့စစ်ဆေးခြင်းမှ လူနာအသစ်(၇)ဦးထပ်မံတွေ့ရှိခဲ့သည့် အတည်ပြုလူနာများဖြစ်သည်။ ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံ၊ နောင်တရားတိုက်နယ်ဆေးရုံ၊ တီကျစ်တိုက်နယ်ဆေးရုံ၊ ဆောင်းပြောင်းတိုက်နယ်ဆေးရုံ၊ ပေါင်းလောင်းတိုက်နယ်ဆေးရုံတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာကုသရေးစင်တာများတွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါလက္ခဏာများ ပျောက်ကင်း သွားပြီဖြစ်၍ နေအိမ်သို့ပြန်ခွင့်ရသူ(၁၀၆၉)ဦးဖြစ်ပြီး ၎င်းတို့၏ နေအိမ်တွင် HomeQuarantine(၇) ရက် ဆက်လက်နေထိုင်စေခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် ဇွန်လ(၃၀)ရက်နေ့မှယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာပေါင်း(၁၂၃၃)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူပေါင်း(၁၀၆၉)ဦး၊ ယမန်နေ့အထိဆေးကုသမှုခံယူနေသူပေါင်း(၁၄၉)ဦး၊သေဆုံးသူ(၁၅)ဦးရှိကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရှိရသည်။
ထွန်းလင်း(ပင်လောင်း)