ဟင်္သာတ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြိုနယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီ ကစတင်၍ ဟင်္သာတမြို့နယ် ဒုတ်ရိုက်ကျေးရွာ အုပ်စုတွင် ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက ကျေးရွာအုပ်စု အတွင်းရှိ အသက် (၁၀) နှစ် မှ (၁၈)နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ ကတ်အသစ် လဲလှယ်ပေးခြင်း ၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများ ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ အိမ်ထောင်စုလူဦးရေ ကျား (၄၆)ဦး မ ( ၆၃ )ဦး စုစုပေါင်း (၁၀၉) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် မြို့နယ်အတွင်းနှင့် မြို့ပေါ်ရပ်ကွက်များ တွင်လည်းနိုင်ငံသားစိစစ်ရေးကတ်ပြားများ ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ဆက်လက် ကွင်းဆင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူး ဦးစိုးမြင့်အောင် ထံ မှ သိရသည်။
ကိုဇော် -ပြန်ဆက်