ရေတာရှည်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရေတာရှည်   စက်တင်ဘာ   ၁၆

တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက  ကြို့ပင်သာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းကြီးကျေးရွာအုပ်စုအတွင်းရှိ  မတ်ကြီးခုံကျေးရွာ၊ ကြို့ပင်သာ​ကျေးရွာနှင့် သ​ပြေကုန်း​ကျေးရွာများ အတွင်းရှိ အိမ်​ထောင်စုလူဦးရေစာရင်းမရှိ​သေးသည့် အိမ်​ထောင်စု(၂၇)စု အတွက် အိမ်​ထောင်စုလူဦး​ရေ စာရင်းများနှင့် မှတ်ပုံတင်မပြုလုပ်ရ​သေးသည့် ၁၆နှစ်အထက် ဒေသခံပြည်သူ (၆၆) ဦး အတွက် နိုင်ငံသား စိစစ်​ရေးကတ်ပြားများ ပြုလုပ်​ပေးခဲ့သည်။ ရေတာရှည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရမည့် လူဦးရေ လျာထားချက်အရ (၆၃၅၈) ဦးရှိပြီး လက်ရှိပြုလုပ်ပေးရာတွင် လူဦးရေ (၆၂၆) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေး နိုင်ခဲ့ကြောင်း၊  ဆက်လက်၍  ရပ်ကွက်နှင့် ကျေးရွာများမှ နိုင်ငံသားစိစစ်​ရေးကတ်ပြား မရှိ​​သေးသူ များအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ရေတာရှည်မြို့နယ်အတွင်း  အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ​ရေတာရှည် မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အေးဆု