ပေါင်းတည် စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး မီးသတ်ဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေး ကြေညာရာတွင် ၁၆-၉-၂၀၂၁ ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား မင်းကွက်(၃)ရပ်ကွက် ရွှေမင်းဂံဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ မင်းကွက်(၂)ရပ်ကွက် အထကကျောင်းတွင်လည်းကောင်း၊ နွယ်ချို(၂) ရပ်ကွက် သိမ်ကြီးဓမ္မာရုံတွင်လည်းကောင်း၊ ပျဉ်းပင်ကန်ရပ်ကွက် မိုးကုတ် ဓမ္မရိပ်သာတွင် လည်းကောင်း၊ စုရပ်များသတ်မှတ်ပြီး အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပါ၍ အသက်(၅၅)နှစ်အထက် မည်သူမဆို လာရောက် ထိုးနှံနိုင်ပါကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်