ပုဇွန်တောင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုင်းကြိုးနှင့်မလွတ်သည့် သစ်ပင်ကိုင်းများ ရှင်းလင်းခြင်း ဆောင်ရွက်

ပုဇွန်တောင် စက်တင်ဘာ ၁၆

မိုးရာသီတွင် လျှပ်စစ်ဓာတ်အားမပြတ်တောက်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယမန်နေ့နံနက် (၉:၀၀)အချိန်က မြို့နယ်အတွင်းရှိ လျှပ်စစ်လိုင်းများမှ မကောင်းသော Spacer များ လဲလှယ်ပြုပြင်ခြင်း၊ လိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း များကို မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လိုင်းအပြစ်ကြောင့် ဓာတ်အားမပြတ်တောက်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အမှတ်(၅)ရပ်ကွက်​ ညောင်တန်းလမ်းတစ်လျောက် လိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်း လိုင်းမင်းများမှ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်ရုံးမှ သိရှိရသည်။

မြတ်သီရိခိုင်