မချမ်းဘော့မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား အရည်အသွေး စစ်ဆေးရေးကော်မတီ ကွင်းဆင်းစစ်ဆေး

မချမ်းဘော့    စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တင်ဒါလုပ်ငန်းကိုတင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှဆောက်လုပ်သည့်တံတားများ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးမှုအား ယမန်နေ့ မွန်းလွှဲ (၁)နာရီခန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်တည်ဆောက် ရေးနှင့်အရည်အသွေးစစ်ဆေးရေးကော်မတီမှ သွားရောက်ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေကျပ် (၈၃၈,၀၈၀)သန်းဖြင့် ၁၁-၁-၂၀၂၁နေ့မှစ၍ ဆောက်လုပ်ထားသည့် ကောင်းမှုလုံ-မန်နို-ပန်ဆပ်ရွာလမ်းပေါ်ရှိ လခက်ချောင်းကူးတံတား   ကွန်ကရစ်တံတား(အရှည်73 m×အကျယ် 6.1m)R.C Slab ကိုတင်ဒါအောင်  ခိုင်ခန့်ကောင်းကုမ္ပဏီမှဆောက်လုပ်ခဲ့ရာ  ယခုအခါရာနှုန်းပြည့်ပြီ စီးပြီဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဘေလီတံတားအမျိုးအစားဖြင့်   ဆင်လွမ်ဒမ်း-၂ နှင့် နမ်ဆဘွမ်ကျေးရွာချင်းဆက်တံတား၊ ကောင်းမှုလုံ-ငွါးဇာခါးကြားချောင်းကူး တံတားနှစ်စင်းသည်လည်း ပြည်နယ်ဘဏ္ဍာခွင့်ပြုရန်ပုံငွေကျပ် (၂၉၀,၉၀၉)သန်းဖြင့်တံတား (အရှည်5.1m×အကျယ်6.1m)ရှိ ကျောက်ကြီးစီကမ်းကပ်ခုံ သံကူ ကွန်ကရစ်တံတားအား ကင်းသာလွန်ကုမ္ပဏီမှ ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

“ဒီတံတားမဆောက်ခင် လခက်ချောင်းကူးတံတားကို ကြိုးတံတားဆောက်ပေးခဲ့ပေမယ့် ဆိုင်ကယ် ဖြတ်လို့မရခဲ့ဘူး။ အခုဘေလီတံတားဆောက်ထားတဲ့ ကောင်းမှုလုံ-ငွါးဇာခါးကြား ချောင်းကူး တံတားမှာ အရင်ကဝါးတံတားလေး ဆောက်ပြီးတော့ဖြတ်သန်းသွားလာရပြီးတော့ မိုးတွင်း ရောက်ပြီဆိုရင်  ရေကြီးရေလျှံဖြစ်လို့ တစ်ရွာနဲ့တစ်ရွာ သွားလာဖို့ခက်ခဲခဲ့ပါတယ်။ အရေးကြီးရင် ကောင်းမှုလုံဘုရားဘက်ကနေ ပတ်ပြီးသွားခဲ့ရပါ တယ်။ အခုဆိုရင် ပတ်ပြီးသွားစရာမလိုတော့ဘဲ တောက်လျှောက်ဖြတ်လမ်းသဖွယ်လမ်းပေါက်သွားပါပြီ။ ကောင်း မှုလုံရွာအတွင်း ဘုရားကနေ ပတ်ပြီးသွားလို့လည်းရသလို ကောင်းမှုလုံ - မန်နို-ပန်ဆပ်လမ်းကိုလည်း ဖြတ်လမ်းသဖွယ် ပေါက်သွားပြီဖြစ်တဲ့အတွက် ဒေသခံပြည်သူများအခက်အခဲမရှိ အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ပါတယ်” ဟုဒေသခံပြည်သူတစ်ဦးကပြောကြားသည်။

မြို့နယ် ပြန်/ဆက်