မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်အတည်ပြု လူနာများအား နံနက်စာ သွားရောက်လှူဒါန်း

မိုင်းခတ်    စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိလူနာများ စားသောက်ရေး အဆင်ပြေစေရေးအတွက် နံနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် အင်အားဖြည့်အစားအစာများအား ယနေ့ နံနက်၇နာရီက   သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မိုင်းခတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဦးစိုင်းအေးမောင်၊ မြို့နယ်ကိုဗစ်ရန်ပုံငွေ ထိန်းသိမ်းရေး အဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်သန်းသန်းနွဲ့၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်း၊ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်နှင့် စေတနာရှင်အလှူရှင်များက နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် အင်အားဖြည့်အစားအစာများအား ကိုဗစ်အတည်ပြုလူနာ(၁၆)ဦးနှင့် ရိုးရိုးဖျားနာလူနာ(၁၀)ဦးတို့ အတွက် ထမင်းကြော်၊ ပဲလိပ်၊ လ္ဘက်ရည်၊ ကြက်ဥပြုတ်၊ ပဲနို့၊အချိုရည်၊ ရေသန့်နှင့်ထမင်းဟင်းများ သွားရောက်လှူဒါန်းရာ ဆေးရုံဆရာမများက ကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။