မိုင်းခတ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

မိုင်းခတ်  စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမူရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဧပြီ၊ မေ၊ ဇွန် သုံးလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များထံသို့ ပေးအပ်ခဲ့သည်။

မိုင်းခတ်မြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၂)ဦးရှိပြီး ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၂၆၀၀၀၀)ကျပ်ကို သုံးလ တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ အဆိုပါလူမှုရေး ပင်စင် ထောက်ပံ့ငွေများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးများက  အိမ်တိုင်ရာရောက်ဆက်လက်ထောက်ပံ့ပေးအပ်သွား မည်ဖြစ်ကြောင်းသိရသည်။