မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် Second Dose ထိုးနှံ

မန္တလေး    စက်တင်ဘာလ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌‌အောင်မြေမြို့နယ်တွင် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး (၂၈) ရက်ပြည့် ပြီးသူများကို ဒုတိယအကြိမ်ဖြစ် သော(Second Dose) များအဖြစ် နံနက်ပိုင်းက စုရပ်(၅)နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။ 

အဆိုပါ ကာကွယ်ဆေး (Sinopharm) ကို မဟာအောင်မြေမြို့နယ် အနေဖြင့်      ဆေးထိုးစုရပ် (၅) နေရာဖြစ်သည့် အ-မ-က(၃)၊ အ−ထ−က(၂၄)၊ မြို့နယ် အားကစားကွင်း၊ စကြာ်နွယ်စင် ရပ်ကွက်ရှိ လက်ပံတန်းဓမ္မာရုံနှင့် ရတနာဘုမ္မိရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး နေရာများတွင် ကိုဗစ်−၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိဖြစ်ကြောင်း သိရသည်။ 

ထိပ်ထားနိုင်