သဲကုန်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် (Sinopharm) ပထမအကြိမ်ထိုးနှံရန် မြို့ပေါ်ရှိ မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ညနေပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ မြို့ပေါ်ရပ်ကွက် လမ်းဆုံလမ်းခွများ၊ လမ်းသွားလမ်းလာများသော နေရာများ၊ ပြည်သူကြားသိနိုင်သော နေရာများတွင် အသက် (၅၅)နှစ်မှ(၆၄)နှစ်အတွင်းရှိ ပြည်သူများအား ပထမအကြိမ်အနေဖြင့် တရုတ်နိုင်ငံထုတ် (Sinopharm) ထိုးနှံခြင်းကို သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲမြို့တိုက်နယ်ဆေးရုံ၊ ပုတီးကုန်းမြို့မြို့လည်ဓမ္မာရုံ၊ ကြို့ပင်သာ(ဝက်ပုတ်) နယ်မြေ အထကကျောင်း၊ အင်းမမြို့စိုက်ပျိုးရေး အထွက်တိုးစခန်း စသည့် ကာကွယ်ဆေးထိုးစုရပ် အသီးသီးတွင် နံနက် ၉ နာရီမှ စတင်၍ နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း စသည့် အချက်များအား လှည့်လည်နှိုးဆော်ပေးခဲ့သည်။
အဆိုပါ လှည့်လည်ခြင်းလုပ်ငန်းတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ မြို့နယ်မီးသတ် ဦးစီးဌာန ဝန်ထမ်းများနှင့် တပ်မတော်သားများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း