အိမ်မဲ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အ-ထ-က(၁) ကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးစုရပ်သို့ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကောင်းမြတ်စံနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ အသက်(၅၅)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးသူ ယနေ့အထိ ၂၅၀ ကျော် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အ-ထ-က(၁) ကျောင်းဆေးထိုးစုရပ်တွင် စက်တင်ဘာလ ၁၇ရက်နေ့၌ အထက်ပိုင်းရပ်ကွက်၊ တကောကျေးရွာ၊ ပါရမီဒေါင့်ကျေးရွာ၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာ၊ (၁၈)ရက်နေ့၌ အိမ်မဲကြီးရပ်ကွက်၊ ထိန်ငူကျေးရွာ၊ ချောင်းဖျားကျေးရွာ၊ ညောင်ငူကျေးရွာ၊ ဂယက်ကြီးကျေးရွာ၊ (၁၉)ရက်နေ့၌ လယ်ပေါ်ရပ်ကွက်၊ ကျိုက်ပိကျေးရွာ၊ ကျုံခရီကျေးရွာ၊ ခတ္ထိယကျေးရွာ၊ ထန်းတစ်ပင်ကျေးရွာ၊ (၂၀)ရက်နေ့၌ စာချွန်ခံရပ်ကွက်၊ ရာဇူရိုးကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာ၊ အိုင်ကြီးကျေးရွာ၊ ရေငံကွင်းကျေးရွာ၊ (၂၁)ရက်နေ့၌ ရုံးတောကျေးရွာ၊ အင်းမကျေးရွာ၊ ကမန်းအုန်းပင်စုကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ စာဖြူဆိပ်ကျေးရွာ၊ (၂၂)ရက်နေ့၌ ကြို့ကုန်းကျေးရွာ၊ သပြေကွင်းကျေးရွာ၊ သရက်ပင်ကွင်းကျေးရွာ၊ အင်းတမိကျေးရွာများမှ အသက် (၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်