ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အားအသွားအလာကန့်သတ်စောင့် ကြည့်ထားရှိ

 

ကော့သောင်း   စက်တင်ဘာ  ၁၈

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ် မြောက်လာသည့် မြန်မာနိုင်ငံသား  အမျိုးသား ၁၃၃ ဦး ၊ အမျိုးသမီး ၃၆ ဦး ၊စုစုပေါင်း အလုပ်သမား ၁၆၉ ဦး ယမန်နေ့မွန်း လွဲပိုင်းက ထိုင်းနိုင်ငံရ နောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့   ပဲ့ချိတ် စက်လှေ (၁၁)စီး ဖြင့်ရေလမ်းခရီးမှ လာရောက်လွဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်း ပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင် နှင့်မြို့ နယ်စီမံအုပ်ချုပ် ရေးအဖွဲ့တာဝန်ရှိသူများ ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါကူး စက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား  မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးလက်ခံခဲ့ပြီး အစား အသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေခြင်းကြောင့် ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center (၃) ခုတွင် အထူးကြပ်မတ်ကာ Facility Quarantine (၁၄)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေး တွေ့ရှိခြင်းမရှိမှသာ မိမိတို့နေထိုင်ရာ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)