ရွှေကျင်မြို့၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး စာရင်းကောက်ယူ

ရွှေကျင် စက်တင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးနိုင် ရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းလွင်ဦး မှဦးဆောင်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့နံနက် ၉နာရီမှစ၍ ရှေးဦးစာရင်းကောက်ယူ ပေးခဲ့ကြသည်။ 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးနှင့် ကျေးရွာစာရေးဦးတင်မောင်လတ်တို့မှ အသက်(၁၆)နှစ်နှင့်အထက် အိမ်ထောင်စု စာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုလုပ်ဆောင်ရွက်ပေးနိုင်‌ရေးအတွက် ရှေးဦးစာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၆)နှစ်အထက် ကျား(၂၀)ဦး၊ မ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတို့အား ရှေးဦးစာရင်းကောက်ယူ ရရှိခဲ့ပြီ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)