သတင်းများ

သရက်ချောင်းမြို့နယ်တွင် အသက်(၅၅) နှစ်မှ (၆၄) နှစ်အတွင်း ဦးစား​​ပေးအလိုက် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁၃၁၀) ဦးအား ဆေးထိုးနှံပြီးဖြစ်
Sep 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်အသက် (၅၅) နှစ်မှ (၆၄)နှစ်အတွင်း ဦးစား​​ပေးအလိုက် (ပထမ) အကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို စက်တင်ဘာလ (၁၆) ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာများအလိုက် ဆေးထိုး နေရာများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (သရက်ချောင်း)၊ ရငဲတိုက်နယ် ဆေးရုံနှင့် ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
မိုင်းရှူးမြို့နယ်၌ အသက် (၄၀)နှစ်နှင့်အထက်ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမ အကြိမ်ထိုးနှံပေးမည်ဖြစ်
Sep 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်၌ စက်တင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းရှိ အသက်(၄၀)နှစ်နှင့်အထက်၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ဘုန်းကြီးကျောင်း၊သီလရှင် ကျောင်းနှင့်သာသနာ့ ဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ဟိုတယ်/မိုတယ်/တည်းခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ Super Market/ စျေးများ၊ မသန်စွမ်းသူများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများ နှင့် ယာယီစခန်းများ၊ နာတာရှည် ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ပထမအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာသူတို့၏ စကားသံများ
Sep 18,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည်  ပြည်သူများအတွက် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်သကဲ့သို့ ကာကွယ်ဆေး၏ အာနိသင်သည်လည်း အကျိုးသက်ရောက်မှု ရှိသည့်အတွက် လူတိုင်းထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
Sep 18,2021
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်နှင့်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁နာရီ အချိန်က တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Sep 18,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဝန်ဆောင်မှု ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ ရွှေဘုံသာဘုရား ဓမ္မာရုံသို့ သွားရောက်ပြီး ရပ်ကွက်နေပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။       
မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Sep 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ယမန်နေ့က ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာ ခန်းမဆောင်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့် အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်
Sep 18,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့သည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်
Sep 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများအား ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။