ရမ်းဗြဲ စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများထုတ်ပေးခြင်းကို ယမန်နေ့က ရမ်းဗြဲမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ရမ်းဗြဲမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ ငွေများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုထုတ်ပေးလျက် ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေမှာ ဘိုးဘွားများအတွက် ဧပြီ ၊ မေ ၊ ဇွန်(၃)အတွက် တတိယ (၃)လပါတ် အဖြစ်ထုတ်ပေးသောငွေဖြစ်ပြီး ဘိုးဘွား တစ်ဦးကို တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀ ကျပ်)ဖြစ်ဖြင့် ရမ်းဗြဲမြို့နယ်အတွင်းမှ အသက်(၈၅)နှစ်နှင့်ဘိုးဘွား (၁၀၃၀)ဦးအတွက် ငွေကျပ်သိန်း (၃၀,၉၃၀၀၀၀)ကို ထုတ်ပေးခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှသိရသည်။ အဆိုပါထောက်ပံ့ငွေများ ထုတ်ပေး ရာသို့ ရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မှတက်ရောက်အားပေးပြီး ရပ်/ကျေးအူပ်ချုပ်ရေးမှူးများထံသို့ ဘိုးဘွားများအတွက် လူမှုရေးပင်စင်ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်နိုင် (ပြန်/ဆက်)