ပင်းတယမြို့နယ်တွင် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် နိုင်ရေး “ပန်းခင်းစီမံချက်” လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးနွေး 

ပင်းတယ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် အသက် ၁၆နှစ် ပြည့်ပြီးသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး "ပန်းခင်း စီမံချက်" ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဆက်သွယ်ဆောင်ရွက်ကြစေရန် ယမန့်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၁၁ နာရီက ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုများကို ရက်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများနှင့် ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီအရာရှိ ဦးခင်မောင်ချိုက ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေး နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့်ရပ်ကွက်၊ ကျေးရွာ အုပ်စုမှ ရပ်ကျေးစာရေးနှင့် အုပ်ချုပ်ရေးမှူးများအား လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှထုတ်ဝေသည့် "ပန်းခင်းစီမံချက်” လက်ကမ်းစာစောင် အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အိမ်ထောင်စုလူ ဦးရေစာရင်းအတွက် လိုက်နာရမည့် အချက် များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားလျှောက်ထားခြင်း၊ "ပန်းခင်း"စီမံချက် ဖြင့်ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ် (၄)ရပ်၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများမှ ဆောင်ရွက်ရ မည့် လုပ်ငန်း များ၊ အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးအတည်ပြုထုတ်ပေးခြင်း အကြောင်း အရာများနှင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဆောင်ပုဒ်တို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသားများနှင့် ဥပေဒအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်​ပြီး၊ ပြည်သူများအနေဖြင့် အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်နိုင်ရန် ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတွင်ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လာရောက်ဆက်သွယ်၍ ပြုလုပ် ဆောင်ရွက်နိုင်ကြောင်းနှင့်ရုံးပိတ်ရက်များတွင်လည်း လိုအပ်သလိုစီစဉ် ဆောင်ရွက်ပေး သွားမှာဖြစ်​ပြီး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု့လျော့နည်းသွားပါက ကျေးရွာ/အုပ်စု များအရောက် နည်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

ပင်းတယ (ပြန်/ဆက်)