ပဲခူး စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေ သကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသော တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များ နှင့်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်၍ ပဓာနနာယကဆရာတော် အရှင်ဥက္ကံသာလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ် (၃၃၈) အပါးတို့၏ ဆွမ်းနှင့်ဆွမ်းဟင်း ပြည့်စုံစေရန်အတွက် ဆန်(၇၀)အိတ်၊ ဆီ(၃၄၀)ပိဿာ၊ ကုလားပဲ(၆)အိတ်၊ ဆား(၆)အိတ်နှင့် ကျန်းမာရေးသုံးအထောက် အကူပြုပစ္စည်းများအား ပဓာနနာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ (၁၀)မိုင်ကုန်း၊ ဓမ္မဒူတဗုဒ္ဓ တက္ကသိုလ် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒပညိဿရာဘိဝံသအား ဖူးမြော်ကန် တော့ကာ ဆန်(၃၀)အိတ်၊ ဆီ(၁၇၀)ပိဿာ၊ ကုလားပဲ(၃)အိတ်၊ ဆား(၃)အိတ်နှင့် ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)