မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်း မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းရှူး      စက်တင်ဘာ     ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ယမန်နေ့က ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာ ခန်းမဆောင်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပေးအပ်ရာတွင် မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့ နယ် ဦးစီးမှူး ဦးထွန်း​မြင့်ဝင်းမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ပန်းခင်း စီမံချက်ဆောင်ပုဒ်ပါ နိုင်ငံသားလုပ်ငန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒု-လဝကမှူး ဦးစိုင်းမျိုးကျော်မှ ရှမ်းဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းအပါ ဝန်ထမ်းများနှင့် ကျေးရွာအုပ် ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတို့မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနိုင်-၃(က)ကျား(၃၁) ဦး၊ မ(၇၉) ဦး၊ပေါင်း(၁၁၀) ဦး၊ နိုင်-၆(က)ကျား(၃၉)၊မ(၈၄) ဦး၊ ပေါင်း(၁၂၃) ဦး၊ စုစုပေါင်း (၂၃၃) ဦးနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပျောက်ဆုံး/မိတ္တူ စုစုပေါင်း (၆၃)စုတို့အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းကမ်းနှင့်အညီ ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)