သတင်းများ

ကျိုင်းတောင်းမြို့၌ ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) စတင်ထိုးနှံ‌
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Sep 21,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀) စံပြကွက်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုနှင့် နည်းပညာသင်တန်းပေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တိုင်းဒေသကြီးကိုယ်စားပြု စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်စပ်တည်း ဧက(၁၀၀)စံပြကွက်တောင်သူများအား စိုက်ပျိုးရေး သွင်းအားစုနှင့် နည်းပညာ သင်တန်းပေးကို ယမန်နေ့နံနက် ၁၀နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။
ဝက်လက်မြို့၌  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး၊ ဒုတိယအကြိမ် အဖြစ် လူဦးရေ ၁၀၀၀ ကို ဆက်လက် ထိုးနှံပေး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို သြဂုတ်လ ၂၀  ရက်နေ့ က တွင်  ပထမအကြိမ် ထိုးနှံပြီးသူများကို   ဒုတိယအကြိမ် အဖြစ်   စက်တင်ဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့  တွင်  အသက် ၆၅ နှစ် နှင့် အထက် သက်ကြီး ဘိုးဘွားများ ၊ ရဟန်းသံဃာများ ၊ ဝန်ထမ်းများ ၊စျေးရောင်းချ သူများ  ကို အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက် နှင့် အညီ စုရပ် ၃ ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ လူဦးရေ ၁၀၀၀ ဦးကို ကာကွယ်ဆေးထိုးနှံနေ ကြောင်း သိရသည်။
ကျောက်တော်မြို့၌ အရေးပေါ်အောက်ဆီဂျင်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရေး အောက်ဆီ ဂျင်စက်ရုံတည်ဆောက်မှု (၇၀) ရာခိုင်နှုန်း ပြီးစီး
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လတ်တ လောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ကုသရေးနှင့်အခြား သောကျန်းမာရေးဆိုင်ရာရောဂါများကြောင့် ဆေးရုံတက်ရောက်ကုသနေရသူများအတွက် မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေအနေမှာ ယမန်နေ့ နံနက် ပိုင်းအထိ စက်ရုံတည်ဆောက်ပြီးစီးမှု ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးနှင့်ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။