ကံမမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကံမ စက်တင်ဘာ ၂၀

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊စေတနာ့ ဝန်ထမ်းများပူးပေါင်းပြီး ကံမမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက်ပြည်သူများအား သတ်မှတ်အုပ်စု အလိုက် ဦးစားပေးအစီအစဉ်အတိုင်း သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

ထိုသို့ ထိုးနှံရာတွင် ယနေ့နံနက် ၈ နာရီကစတင်၍ မြို့နယ်သာသနာ့ဗိမာန် ၊ နံကပ်ကျေးရွာ မူလတန်း ကျောင်း၊ အလယ်ကျေးရွာမူလတန်းကျောင်းနှင့်မြဝတီကျေးရွာ မူလတန်းကျောင်း ဆေးထိုးစုရပ်နေရာများတွင် အသက် (၅၅)နှစ်အထက်ပြည်သူများ၊မသန်းစွမ်းသူများ၊နာတာရှည်ရောဂါရှိသူများအား ဦးစာပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)