ပြည်ကြီးတံခွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ပြည်ကြီးတံခွန် စက်တင်ဘာ ၂၀


 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်