အောင်လံ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)အား ဒုတိယအသုတ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အလိုက်စုရပ်(၇) နေရာခွဲ၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော (Sinopharm) ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ်ထိုးနှံပေးသွား မည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့်တိုက်နယ်အလိုက်စုရပ်(၇)နေရာခွဲ၍ထိုး နှံပေးလျက်ရှိပြီး ဒုတိယအသုတ်ထိုးနှံ နိုင်ရန်အောင်လံမြို့နယ်အတွက် ဆေး(၁၆၀၀)လုံးရရှိကာ ဆေးတစ်လုံးလျှင်လူ(၅)ဦးနှုန်းဖြင့် လူဦးရေ(၈၀၀၀) ဦး ထိုးနှံနိုင်မည်ဖြစ်ရာ စက်တင်ဘာ ၁၇ ရက်မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၃၆၄၆)ဦးထိထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ပြည်သူများအဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင် ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)