မြစ်သား စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တီးကြီးကျေးရွာတွင် ယနေ့နံနက် (၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများ၊ ခန္တီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးညွှန်ကြားချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ခန္တီးကြီး ကျေးရွာအတွင်း လှည့်လည်ကာ Hand Speaker ဖြင့်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမ ခံရစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင် သာနေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ Mask မတပ်သူများ နှင့်တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကျဉ်ရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ မလိုအပ်ပဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ရောဂါပိုးကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို ခန္တီးကြီးကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်စေရန် ကာကွယ်ဆေးများကို လုပ်အား ကြေးမုံခန်းမတွင် စုရပ်အဖြစ် သတ်မှတ်၍ နေ့စဉ် နံနက်(၉)နာရီမှ(၁၂)နာရီအထိ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ သြဂုတ်လ (၂၉)ရက်နေ့မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ စုစုပေါင်း (၆၆၈၃)ဦး၊ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သူစုစုပေါင်း (၅၈၁)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ(၅၂၀)ဦး၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာ ရေးကု သဆောင်တွင်ဆေးဝါး ကုသမှုခံယူနေသူ (၁၀)) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှသိရသည်။
မြမြမွန် (မြစ်သား)