ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များစစ်ဆေးဆောင်ရွက်

ဖျာပုံ  စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံတံတားကြီးအောက်ချောင်းတွင်းလမ်းမကြီး၊ ပထမလမ်းနှင့် ဒုတိယလမ်းဒေါင့် CB ဘဏ်ရှေ့တို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လမ်းသွားလမ်းလာပြည်သူများအနေဖြင့် Mask များစနစ်တကျ တပ်ဆင်သွားလာ ခြင်းမရှိသူများ ယခုဝယ် ယခုတပ်စနစ်ဖြင့် ယနေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ်လူစည်ကား ရာနေရာများတွင် လှည့်လည်စစ် ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ Mask များစစ်ဆေးဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် သက်ဆိုင်ရာရပ် ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask များတပ်ဆင်သွားလာခြင်းမရှိသူ များအား ယခုဝယ်၊ ယခုတပ်စနစ်ဖြင့် ကျင့်သုံးကာ လမ်းသွားလမ်းလာပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း Mask များမဖြစ်မနေတပ်ဆင်သွားကြရန် အသိပညာပေးပြောကြားပြီး၊ မြို့ပေါ်လူစည်ကားရာနေများသို့ ပူးပေါင်းစစ် ဆေးရေးအဖွဲ့မှ လှည့်လည်စစ်ဆေးဆောင်ရွက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)